Sunday, August 16, 2015

ကဗျာ

ပြည်ထောင်စု ကဗျာနိုင်ငံတော် . . .

ကဗျာပြဋ္ဌာန်းဥပဒေအရ
ကဗျာပါတီများ တမ်းတူညီမျှရှိပြီး
ကဗျာပါတီများအားလုံး
ကဗျာပြည်သူများအတွက် အသင့်ရှိနေ
ဘာဖြစ်ဖြစ် ရှေ့တက်
ခရီးကို ဆက်လက် ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာအခြေခံ ဥပဒေထဲ
ဘာသာတိုင်း အခွင့်အရေးတူညီ
ဘာသာရေးအစွန်းရောက်မှုမရှိ
ကဗျာဥပဒေဟာ တန်းတူညီမျှ
ကဗျာလူ့အခွင့်အရေးဖြင့်ခရီးလျှောက်
ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံထဲ
ကဗျာအစိုးရဟာ ကဗျာပြည်သူအတွက်ဖြစ်ပြီး
ကဗျာပြည်သူများ အစိုးရကိုကြိုက်သလိုရွေးချယ်
ပြည်သူ့ ကျန်းမာရေး
ပြည်သူ့ ပညာရေး
ပြည်သူ့ စီးပွားရေး
ပြည်သူ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
ရေးရာခပ်သိမ်း ကဗျာအစိုးရဟာ
အာမခံချက်တွေနဲ့ ခရီးဆက်
မလုပ်နိုင်လို့ နှုတ်ထွက်
ကဗျာတာဝန်ယူမှု ကဗျာတာဝန်ခံမှုတွေနဲ့
ကဗျာအစိုးရနှင့် ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံတော်ထဲ
နိုင်ငံခြားရင်းနှီးမြှုပ်နိုင်မှုအလိုက်
ကဗျာပြည်သူတွေ ဆုံးဖြတ်ချက်ရယူ
ကဗျာပညာရှင်များနဲ့ ပူးပေါင်း
လိုအပ်ချက်တွေ ဖြည့်တင်း
ခေတ်မီသော ပြည်ထောင်စုကဗျာနိုင်ငံတော် . . . ။

ကဗျာပြည်ထောင်စုနိုင်ငံတော်ထဲ
နီးစပ်ရာ နေရာမှု
ခရိုနီသမိုင်းကို ဖယ်ထုတ်
တကယ်အဟုတ် တော်သူတွေ နေရာယူ
ကဗျာစစ်တပ်ဟာ
ခေတ်မီစစ်အတတ်တွေနဲ့ ကာကွယ်ရေးတာဝန်ယူ
သူ့နေရာနဲ့ သူ
သူ့အတတ်ပညာနဲ့ သူ
လိုအပ်ချက်တွေ ဖြည့်သွင်း
ပြည်ထောင်စု ကဗျာနိုင်ငံတော် . . . ။

နေဝန်းသစ်(အင်းစိန်)

Saturday, May 30, 2015

ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း

လူကြီးမင်းတို့၏ ကုန်ပစ္စည်းကြော်ငြာများကို ဈေးနှုန်းသက်သာစွာဖြင့်ဝန်ဆောင်မှုပေးနေပါသည်

4T MYANMAR